
Zawgyi






Unicode

ပန်းလိုက်ရောင်းရင်း ပင်ပန်းလွန်း၍ လမ်းဘေးတွင်ပဲ အိပ်ပျော်သွားခဲ့သော သနားစရာ မောင်နှမနှစ်ယောက်

အချို့သော ကလေးငယ်များသည် လောကတရားကြီးဧ။် ရိုက်ခတ်မှုဒဏ်ကို အရွယ်လေးနှင့်မလိုက်အောင် ခံစားနေကြရသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက်ရှစ်နှစ်အရွယ် ကလေးမလေးတစ်ဦးသည် မိသားစုစားဝတ်နေရေးကို တာဝန်ယူရပြီး နေ့စဉ်လမ်းမပေါ်ထွက်ကာပန်းကုံးများရောင်းချခဲ့ရသည်။

ကလေးမလေးသည် ပန်းကုံးလေးတွေလိုက်ရောင်းစဉ် တစ်နှစ်သားအရွယ် မောင်လေးဖြစ်သူကို ထိန်းပေးမည့်သူမရှိ၍ လက်တစ်ဖက်ကပွေ့ချီကာ ဈေးရောင်းခဲ့သည်။

ကလေးမလေးသည် ဈေးရောင်းရာတွင် ဖိနပ်လည်းမပါ အဆောင်းလည်းမပါ၍ နေပူမိုးရွာမလွတ်ပဲရှိရာ ပင်ပန်းလွန်း၍ လမ်းဘေးတစ်နေရာမှာ အနားယူရင်း သတိလက်လွတ် အိပ်ပျော်သွားခဲ့သော ပုံရိပ်လေးသည် မြင်တွေ့သူများအား စိတ်နှလုံးထိခိုက်စေပြီး လူမှုကွန်ယက်တွင် မျှဝေကာ အကူအညီတောင်းခဲ့သည်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *