
Zawgyi






Unicode

မိသားစုစားဝတ်နေရေးအတွက် ပင်လယ်ထဲတွင် ဖြတ်သွားသော လှေများဆီသို့ ရေကူးပြီး ရေခဲချောင်းများ လိုက်ရောင်းနေသော ဖခင်တစ်ဦး

အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာသည်နှင့် မိသားစုရဲ့စားစရိတ် ကုန်ကျစရိတ်အခက်အခဲတို့ကို ဖြေရှင်းရန်အတွက် ခင်ပွန်းကောင်း ဖခင်ကောင်းတို့မှာ အ လုပ်မျိုးစုံလုပ်ကာ ဝင်ငွေရှာတတ်ကြသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက်၅၇နှစ်အရွယ် ဖခင်တစ်ဦးသည် ဇနီးနှင့် သားသမီးတွေကို ဈေးရောင်းခြင်းဖြင့် ဝင်ငွေရှာကာ ထောက်ပံ့ပေးနေပြီး မည်မျှပင်ခက်ခဲနေပါစေ ရပ်တန့်လိုက်ခြင်းမရှိပဲ တာဝန်ကျေပွန်စွာ လုပ်ဆောင်နေခြင်းကြောင့် မိသားစုအပေါ် အိမ်ထောင်ဦးစီးပီသလွန်းကာ အများဧ။်ချီးမွမ်းခြင်းကို ခံခဲ့ရသည်။

အမျိုးသားကြီးသည် ပင်လယ်ထဲတွင် ရေခဲပုံးလေးနှင့်အတူ လျင်မြန်စွာ ရေကူးပြီး ဝယ်သူဖောက်သည်များကို လိုက်ရှာကာ ရေခဲချောင်းများ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်သော်လည်း ကျန်းမာရေး ချို့ယွင်းချက်တစ်စုံတစ်ရာမရှိပဲ သန်မာနေဆဲဖြစ်၍ အံ့အားသင့်ဖွယ် ကောင်းလှသည်။

အမျိုးသားကြီးသည် နေ့စဉ်ပင်လယ်ထဲတွင် ကူးခတ်ကာ ဈေးရောင်းစားနေရသည်ကို တွေ့ရှိသောခရီးသည်များမှစိတ်မကောင်းဖြစ်ကြရာ မိသားစုဧ။်အခက်အခဲအား ကူညီပေးကြရန် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Written by 

Leave a Reply

Your email address will not be published. Required fields are marked *