ရန္ကုန္ ကန္ေတာ္ႀကီး ကန္ေတာ္ေလး ျဖစ္ေပၚလာပုံသမိုင္း

Zawgyi

ရန္ကုန္ ကန္ေတာ္ႀကီး ကန္ေတာ္ေလး ျဖစ္ေပၚလာပုံသမိုင္း

လြန္ခဲ့ေသာႏွစ္၂၃၀ခန္႔ (ခရစ္ႏွစ္ ၁၇၈၅ ခုႏွစ္)က ကုန္းေဘာင္မင္းဆက္၊ဘိုးေတာ္ဘုရားလက္ထက္

အေဝးေရာက္ ရန္ကုန္ၿမိဳ့ဝန္ ဦးေရႊေရးသည္ ဉာဏ္အေျမာ္အျမင္ႏွင့္ျပည့္စုံၿပီး တိုင္းျပည္ေရးရာ၌

လိမၼာပါးနပ္သူ တစ္ဦးျဖစ္၍ၿမိဳ့ကိုျပဳ ျပင္ျခင္း၊ စစ္ႏွင့္ပက္သက္ေသာ အေရးအရာမ်ားကို

ဂ႐ုစိုက္ေလသည္။ဆင္မ်ားကိုလည္း အျမဲ အစြယ္ခၽြန္ေစ၏။ ၿမိဳ့သူ၊ ၿမိဳ့သားမ်ား၏ က်န္းမာေရးအတြက္ေရေကာင္းေရသန္႔

ေသာက္သုံးရန္အတြက္ သိဂၤဳတၱရေတာင္ကုန္း၏ ဆင္ေျခေလၽွာ အရပ္တြင္ ေရကန္ႀကီးတစ္ကန္

တူးေဖာ္ခဲ့ေလသည္။ထိုအခါ မနာလိုသူမ်ားမွ ဘုရင့္ေရႊနားေတာ္ၾကား ဦးေရႊေရး စစ္ျပင္၍ထီးရပ္နန္းရန္

လုပ္ႀကံပါလိမ့္မည္ ဟုတင္ေလၽွာက္ေလသည္။ ဘုရင္မင္းျမတ္မွ ဦးေရႊေရးအား

ေခၚေတာ္မူၿပီး စစ္ေၾကာေမးျမန္းေတာ္မူေသာအခါ ေရကန္ႀကီးတူးရျခင္းမွာ ၿမိဳ့သူ၊ ၿမိဳ့သားမ်ားေသ

ာက္သုံးရန္အတြက္ျဖစ္ၿပီး၊ ဆင္မ်ားအားအစြယ္ခၽြန္၍ စစ္ေရးေလ့က်င့္ရသည္မွာ

ကုလားျဖဴ ရန္မွကာကြယ္ရန္အတြက္ျဖစ္ေၾကာင္း ဟုတ္တိုင္းမွန္ရာ သံေတာ္ဦးတင္ရာ ဘုရင္မင္းျမတ္မွထမ္းျမဲရာထူးကို ျပန္လည္ထမ္းေဆာင္ေစခဲ့သည္။

၎ေနာက္ ဆင္၊ျမင္း ၊ကၽြဲ ႏြားမ်ားကို ပိုမို၍ ထားေလသည္။ ၎တိရိစၧာန္မ်ား အသုံးျပဳရန္အတြက္

ေနာက္ထပ္ ကန္တစ္ကန္ထပ္၍တူးေလသည္။ ၎ကန္ကို ကန္ေတာ္ကေလးဟူ၍၎၊

ပထမကန္ကို ကန္ေတာ္ႀကီးဟူ၍၎ အမည္တြင္ေစ၏။ ပန္းပင္မ်ားျဖင့္ ျပဳျပင္ထားေလသည္။

ေမာ္ေတာ္ကားမ်ားအားအတြင္းသို့ဝင္ခြင့္မျပဳ။ သီတင္းတစ္ပတ္လၽွင္ တစ္ႀကိမ္က် အဂၤလိပ္ဘင္ခရာဝိုင္းမွေဖ်ာ္ေျဖေလသည္။ယၡဳအခါ ကန္ေတာ္ကေလးသည္

လူေနအိမ္ေျခမ်ားျဖင့္ ရပ္ကြက္ႀကီးျဖစ္ေနေလ၏။ ရန္ကုန္ၿမိဳ့သူ၊ ၿမိဳ့သားမ်ားသည္

ကန္ေတာ္ႀကီးေရကို ၁၉၀၁ခုႏွစ္အထိ အသုံးျပဳခဲ့သည္။နယ္ခ်ဲ႕အဂၤလိပ္တို့ကမူ Royal Lake ဟုေခၚေဝၚသုံးစြဲ ခဲ့ေသာ္လည္းျမန္မာ

တိုင္းရင္းသား အားလုံးက ကန္ေတာ္ႀကီးဟုသာ ေခၚေဝၚခဲ့ပါသည္။ ကိုးကား။ ။ နဂါးဗိုလ္ထိပ္တင္ေဒြး၏ ရန္ကုန္ရာဇဝင္ (၁၉၅၄)

မူရင္း Credit

Unicode

ရန်ကုန် ကန်တော်ကြီး ကန်တော်လေး ဖြစ်ပေါ်လာပုံသမိုင်း

လွန်ခဲ့သောနှစ်၂၃၀ခန့် (ခရစ်နှစ် ၁၇၈၅ ခုနှစ်)က ကုန်းဘောင်မင်းဆက်၊ဘိုးတော်ဘုရားလက်ထက်

အဝေးရောက် ရန်ကုန်မြို့ဝန် ဦးရွှေရေးသည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံပြီး တိုင်းပြည်ရေးရာ၌

လိမ္မာပါးနပ်သူ တစ်ဦးဖြစ်၍မြို့ကိုပြု ပြင်ခြင်း၊ စစ်နှင့်ပက်သက်သော အရေးအရာများကို

ဂရုစိုက်လေသည်။ဆင်များကိုလည်း အမြဲ အစွယ်ချွန်စေ၏။ မြို့သူ၊ မြို့သားများ၏ ကျန်းမာရေးအတွက်ရေကောင်းရေသန့်

သောက်သုံးရန်အတွက် သိင်္ဂုတ္တရတောင်ကုန်း၏ ဆင်ခြေလျှော အရပ်တွင် ရေကန်ကြီးတစ်ကန်

တူးဖော်ခဲ့လေသည်။ထိုအခါ မနာလိုသူများမှ ဘုရင့်ရွှေနားတော်ကြား ဦးရွှေရေး စစ်ပြင်၍ထီးရပ်နန်းရန်

လုပ်ကြံပါလိမ့်မည် ဟုတင်လျှောက်လေသည်။ ဘုရင်မင်းမြတ်မှ ဦးရွှေရေးအား

ခေါ်တော်မူပြီး စစ်ကြောမေးမြန်းတော်မူသောအခါ ရေကန်ကြီးတူးရခြင်းမှာ မြို့သူ၊ မြို့သားများ သေ

ာက်သုံးရန်အတွက်ဖြစ်ပြီး၊ ဆင်များအားအစွယ်ချွန်၍ စစ်ရေးလေ့ကျင့်ရသည်မှာ

ကုလားဖြူ ရန်မှကာကွယ်ရန်အတွက်ဖြစ်ကြောင်း ဟုတ်တိုင်းမှန်ရာ သံတော်ဦးတင်ရာ ဘုရင်မင်းမြတ်မှထမ်းမြဲရာထူးကို ပြန်လည်ထမ်းဆောင်စေခဲ့သည်။

၎င်းနောက် ဆင်၊မြင်း ၊ကျွဲ နွားများကို ပိုမို၍ ထားလေသည်။ ၎င်းတိရိစ္ဆာန်များ အသုံးပြုရန်အတွက်

နောက်ထပ် ကန်တစ်ကန်ထပ်၍တူးလေသည်။ ၎င်းကန်ကို ကန်တော်ကလေးဟူ၍၎င်း၊

ပထမကန်ကို ကန်တော်ကြီးဟူ၍၎င်း အမည်တွင်စေ၏။ ပန်းပင်များဖြင့် ပြုပြင်ထားလေသည်။

မော်တော်ကားများအားအတွင်းသို့ဝင်ခွင့်မပြု။ သီတင်းတစ်ပတ်လျှင် တစ်ကြိမ်ကျ အင်္ဂလိပ်ဘင်ခရာဝိုင်းမှဖျော်ဖြေလေသည်။ယ္ခုအခါ ကန်တော်ကလေးသည်

လူနေအိမ်ခြေများဖြင့် ရပ်ကွက်ကြီးဖြစ်နေလေ၏။ ရန်ကုန်မြို့သူ၊ မြို့သားများသည်

ကန်တော်ကြီးရေကို ၁၉၀၁ခုနှစ်အထိ အသုံးပြုခဲ့သည်။နယ်ချဲ့အင်္ဂလိပ်တို့ကမူ Royal Lake ဟုခေါ်ဝေါ်သုံးစွဲ ခဲ့သော်လည်းမြန်မာ

တိုင်းရင်းသား အားလုံးက ကန်တော်ကြီးဟုသာ ခေါ်ဝေါ်ခဲ့ပါသည်။ ကိုးကား။ ။ နဂါးဗိုလ်ထိပ်တင်ဒွေး၏ ရန်ကုန်ရာဇဝင် (၁၉၅၄)

မူရင်း Credit

Written by 

Leave a Reply

Your email address will not be published. Required fields are marked *