Myanmar Plazaကို သြားတဲ့လူေတြ ဒလန္ပဲလို့ ေျပာလာတဲ့ အဆိုေတာ္ Rဇာနည္

Zawgyi

Myanmar Plazaကို သြားတဲ့လူေတြ ဒလန္ပဲလို့ ေျပာလာတဲ့ အဆိုေတာ္ Rဇာနည္

ပရိသတ္ႀကီးေရ.. အသံပါဝါေကာင္းေကာင္းနဲ႔ သီခ်င္းေကာင္းေတြေၾကာင့္ ဂီတေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္စြာရပ္တည္ေလၽွာက္လွမ္းေနတဲ့ အဆိုေတာ္ Rဇာနည္ကေတာ့ ျပည္သူေတြနဲ႔ တစ္သားတည္းပါဝင္ေနသူပဲ ျဖစ္ပါတယ္..။

အဆိုေတာ္ Rဇာနည္ကေတာ့ ေတာ္လွန္ေရးမွာ တက္တက္ႂကြႂကြပါဝင္မွုေတြေၾကာင့္ ၅၀၅ က ျဖင့္ အမွုဖြင့္အေရးယူခံထားရၿပီး လက္ရွိမွာေတာ့ ေရွာင္တိမ္းေနရတာ ျဖစ္ပါတယ္။ မိသားစုေတြရဲ့ အေဝးကို ေရာက္ရွိေနကာ အေရးေတာ္ပုံႀကီး ေအာင္ျမင္ဖို့အတြက္ တစ္တပ္တစ္အားပါဝင္ေနတဲ့ Rဇာနည္ကေတာ့ Public Voice TV အစီအစဥ္ေတြမွာလည္း ပါဝင္ေနတာ ေတြ႕ရပါတယ္။

ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္သလို ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာလည္း ျပည္သူေတြနဲ႔ အတူရပ္တည္ကာ ေဖေဖာ္ဝါရီလတည္းက လမ္းေပၚထြက္လွုပ္ရွားမွုေတြမွာ အင္တိုက္အားတိုက္ပါဝင္ခဲ့သူကေတာ့ Rဇာနည္ပဲ ျဖစ္ပါတယ္။

အမွန္တရားဘက္ကေနရဲရဲဝံ့ဝံ့နဲ႔ ရပ္တည္ခဲ့တာေၾကာင့္ Rဇာနည္ဟာ ၅၀၅(က)နဲ႔အမွုဖြင့္အေရးယူခံထားရၿပီး လက္ရွိအခ်ိန္မွာဆိုရင္ ပုန္းေရွာင္ေနရတာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ့၊ ကမၻာေအးဘုရားလမ္းေပၚမွာရွိတဲ့ ျမန္မာပလာဇာေဈးဝယ္စင္တာမွာ ဒီကေန႔နိုဝင္ဘာ ၂၅ရက္ေန႔ညေနပိုင္းက စစ္အာဏာရွင္ဆန႔္က်င္ေရးလွုပ္ရွားမွုလုပ္ခဲ့တဲ့ လူငယ္တခ်ိဳ့ကိုပလာဇာမွာ တာဝန္က်တဲ့ လုံျခဳံေရးတခ်ိဳ့က ဖမ္းဆီးခဲ့ပါတယ္။

ဒီလို လုံျခဳံေရးေတြရဲ့ဖမ္းဆီးမွုေၾကာင့္ ဆႏၵျပရာမွာ ပါဝင္တဲ့ လူငယ္ ၇ ဦးေလာက္ထိခိုက္ဒဏ္ရာရခဲ့တယ္လို့ သိရပါတယ္။

ဒီကေန႔ျမန္မာပလာဇာအတြင္းမွာ ျဖစ္သြားတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး Rဇာနည္ဟာ သူ႔ရဲ့ Facebookစာမ်က္ႏွာမွာ ခံျပင္းစြာနဲ႔ေရးသားလာခဲ့ပါတယ္။

“ေနာက္ေန႔ေနာက္ေန႔ေတြ အဲ့သြားတဲ့လူကေတာ့ ဒလံပဲ ဝယ္စရာေနရာေတြအမ်ားႀကီးရွိတယ္ 😡 ဟားဟား 😂😂 စတာပါ တကယ္ေျပာတာပါ”ဆိုၿပီး ေရးသားလာခဲ့တာေလး ေဖာ္ျပေပးလိုက္ပါတယ္။

လက္ရွိမွာေတာ့ေအးေဆးစြာ ဆႏၵျပေနတဲ့ လူငယ္ေတြ အၾကမ္းဖက္ခံရၿပီး မိန္းကေလးေတြ အဖမ္းခံလိုက္ရတာဲ့ အၾကမ္းဖက္တဲ့ လုပ္ရပ္ကို ျပည္သူမ်ား သည္းမခံနိုင္ျဖစ္ေနၾကပါတယ္။ျပည္သူ႔ဝယ္လိုအားနဲ႔ ရပ္တည္ေနၿပီး ျပည္သူ႔သေဘာထားကို မထီမဲ့ျမင္ျပဳတဲ့ Myanmar Plaza ကို Boycott ၾကရပါမယ္။ “ခဏပါကြာ။ ၿပီးရင္ ေမ့သြားမွာပါ” ဆိုတဲ့ ပိုင္ရွင္ တာဝန္ရွိသူေတြ မွတ္ေလာက္ေအာင္ ျပည္သူမ်ားအားလုံးအေနနဲ႔ ေအာက္ကအခ်က္ေလးေတြ လိုက္လုပ္ၿပီး ဝိုင္းဝန္းေပးၾကဖို့ ျပည္သူမ်ားက တိုက္တြန္းေနၾကတာျဖစ္ပါတယ္ ။

၁) Myanmar Plaza ကို Boycott ေၾကာင္းပိုစ့္ေတြရွဲမယ္
၂) ျမန္မာပလာဇာ မသြား႐ုံ မဝယ္႐ုံတင္မကပဲ ျမန္မာပလာဇာက ဆိုင္ခြဲေတြကေန Food Panda ၊ Grab တို့ကေနေတာင္ Delivery မမွာပါနဲ႔
၃) ျမန္မာပလာဇာက ဆိုင္ခြဲ Relocate လုပ္ပါၿပီလို့ စာမထုတ္မခ်င္း အဲ့ Business ေတြရဲ့ ဆိုင္ခြဲေတြကို ေရွာင္ပါ။

၄) ျမန္မာပလာဇာမွာ ဆိုင္ခြဲ ဖြင့္ထားတဲ့ Business ေတြကို ျမန္မာပလာဇာ ဆိုင္ခြဲေတြ ပိတ္ေပးေအာင္ ေတာင္းဆိုပါ။ ဥပမာ – Marketplace by City Mart ရဲ့ Facebook မွာ ျမန္မာပလာဇာဆိုင္ခြဲ ပိတ္ေပးေအာင္ ေတာင္းဆိုပါ။

၅) အစြန္ဆုံး ျမန္မာပလာဇာမွာ ဓါတ္ပုံရိုက္တဲ့ သူေတြ၊ သြားေနတဲ့ ပိုစ့္ေတြ တက္လာရင္ေတာင္ Block ပစ္ပါ။
ကၽြန္ေတာ္တို့ ဒီ ပြဲနိုင္ဖို့ ဒီေလာက္ေတာ့ Pressure ေပးဖို့ လိုအပ္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ “ငါမထိရင္ၿပီးေရာ” ဆိုတဲ့ လူေတြ မ်ားလာၿပီး ကၽြန္ေတာ္တို့ရဲ့ တန္ဖိုးရွိတဲ့ ၿမိဳ့ျပဆႏၵျပပြဲေတြ ရပ္တန႔္သြားၿပီး “ေသြးေအးသြားၾကပါၿပီ” ဆိုၿပီး တကယ္စြန႔္ေနတဲ့သူေတြ စိတ္ဓါတ္က်လာမယ္။

credit

Unicode

Myanmar Plazaကို သွားတဲ့လူတွေ ဒလန်ပဲလို့ ပြောလာတဲ့ အဆိုတော် Rဇာနည်

ပရိသတ်ကြီးရေ.. အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကြောင့် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေတဲ့ အဆိုတော် Rဇာနည်ကတော့ ပြည်သူတွေနဲ့ တစ်သားတည်းပါဝင်နေသူပဲ ဖြစ်ပါတယ်..။

အဆိုတော် Rဇာနည်ကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်မှုတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိမှာတော့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ မိသားစုတွေရဲ့ အဝေးကို ရောက်ရှိနေကာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်တပ်တစ်အားပါဝင်နေတဲ့ Rဇာနည်ကတော့ Public Voice TV အစီအစဉ်တွေမှာလည်း ပါဝင်နေတာ တွေ့ရပါတယ်။

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ ဖေဖော်ဝါရီလတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေရဲရဲဝံ့ဝံ့နဲ့ ရပ်တည်ခဲ့တာကြောင့် Rဇာနည်ဟာ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိအချိန်မှာဆိုရင် ပုန်းရှောင်နေရတာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ မြန်မာပလာဇာဈေးဝယ်စင်တာမှာ ဒီကနေ့နိုဝင်ဘာ ၂၅ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်ခဲ့တဲ့ လူငယ်တချို့ကိုပလာဇာမှာ တာဝန်ကျတဲ့ လုံခြုံရေးတချို့က ဖမ်းဆီးခဲ့ပါတယ်။

ဒီလို လုံခြုံရေးတွေရဲ့ဖမ်းဆီးမှုကြောင့် ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ် ၇ ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မြန်မာပလာဇာအတွင်းမှာ ဖြစ်သွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး Rဇာနည်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ခံပြင်းစွာနဲ့ရေးသားလာခဲ့ပါတယ်။

“နောက်နေ့နောက်နေ့တွေ အဲ့သွားတဲ့လူကတော့ ဒလံပဲ ဝယ်စရာနေရာတွေအများကြီးရှိတယ် 😡 ဟားဟား 😂😂 စတာပါ တကယ်ပြောတာပါ”ဆိုပြီး ရေးသားလာခဲ့တာလေး ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိမှာတော့အေးဆေးစွာ ဆန္ဒပြနေတဲ့ လူငယ်တွေ အကြမ်းဖက်ခံရပြီး မိန်းကလေးတွေ အဖမ်းခံလိုက်ရတာဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်ကို ပြည်သူများ သည်းမခံနိုင်ဖြစ်နေကြပါတယ်။ပြည်သူ့ဝယ်လိုအားနဲ့ ရပ်တည်နေပြီး ပြည်သူ့သဘောထားကို မထီမဲ့မြင်ပြုတဲ့ Myanmar Plaza ကို Boycott ကြရပါမယ်။ “ခဏပါကွာ။ ပြီးရင် မေ့သွားမှာပါ” ဆိုတဲ့ ပိုင်ရှင် တာဝန်ရှိသူတွေ မှတ်လောက်အောင် ပြည်သူများအားလုံးအနေနဲ့ အောက်ကအချက်လေးတွေ လိုက်လုပ်ပြီး ဝိုင်းဝန်းပေးကြဖို့ ပြည်သူများက တိုက်တွန်းနေကြတာဖြစ်ပါတယ် ။

၁) Myanmar Plaza ကို Boycott ကြောင်းပိုစ့်တွေရှဲမယ်
၂) မြန်မာပလာဇာ မသွားရုံ မဝယ်ရုံတင်မကပဲ မြန်မာပလာဇာက ဆိုင်ခွဲတွေကနေ Food Panda ၊ Grab တို့ကနေတောင် Delivery မမှာပါနဲ့
၃) မြန်မာပလာဇာက ဆိုင်ခွဲ Relocate လုပ်ပါပြီလို့ စာမထုတ်မချင်း အဲ့ Business တွေရဲ့ ဆိုင်ခွဲတွေကို ရှောင်ပါ။

၄) မြန်မာပလာဇာမှာ ဆိုင်ခွဲ ဖွင့်ထားတဲ့ Business တွေကို မြန်မာပလာဇာ ဆိုင်ခွဲတွေ ပိတ်ပေးအောင် တောင်းဆိုပါ။ ဥပမာ – Marketplace by City Mart ရဲ့ Facebook မှာ မြန်မာပလာဇာဆိုင်ခွဲ ပိတ်ပေးအောင် တောင်းဆိုပါ။

၅) အစွန်ဆုံး မြန်မာပလာဇာမှာ ဓါတ်ပုံရိုက်တဲ့ သူတွေ၊ သွားနေတဲ့ ပိုစ့်တွေ တက်လာရင်တောင် Block ပစ်ပါ။
ကျွန်တော်တို့ ဒီ ပွဲနိုင်ဖို့ ဒီလောက်တော့ Pressure ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် “ငါမထိရင်ပြီးရော” ဆိုတဲ့ လူတွေ များလာပြီး ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ မြို့ပြဆန္ဒပြပွဲတွေ ရပ်တန့်သွားပြီး “သွေးအေးသွားကြပါပြီ” ဆိုပြီး တကယ်စွန့်နေတဲ့သူတွေ စိတ်ဓါတ်ကျလာမယ်။

credit

Written by 

Leave a Reply

Your email address will not be published. Required fields are marked *