“တစ္ဝင္းလုံး စခေတြနဲ႔ လုံျခဳံေရးအျပည့္ခ်ထားရတဲ့ ျမန္မာပလာဇာရဲ့ လက္ရွိအေျခအေန”

Zawgyi

“တစ္ဝင္းလုံး စခေတြနဲ႔ လုံျခဳံေရးအျပည့္ခ်ထားရတဲ့ ျမန္မာပလာဇာရဲ့ လက္ရွိအေျခအေန”

ရန္ကုန္၊ နိုဝင္ဘာ ၂၆

စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပ လူငယ္မ်ားကို ရိုက္ႏွက္ ထိုးႀကိတ္ခဲ့ေသာ ျမန္မာပလာဇာမွ လုံျခဳံေရးဝန္ထမ္းမ်ား၏ လုပ္ရပ္ကို နိုင္ငံတစ္ဝန္းရွိ ေတာ္လွန္ေရးအင္အားစုက ရွုတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ၿပီးေနာက္ ျမန္မာပလာဇာတစ္ဝင္းလုံးကို လုံျခဳံေရး တင္းက်ပ္ထားကာ လက္နက္ကိုင္ စစ္သားမ်ား အျပည့္ ခ်ထားေၾကာင္း ရန္ကုန္ၿမိဳ့ခံမ်ားထံမွ သိရွိရသည္။

“လက္တုံ႔ျပန္မယ္လို့ ေၾကညာတဲ့ ေတာ္လွန္ေရးအင္အားစုေတြလည္းရွိေတာ့ ဗုံးခြဲခံရမွာ ေၾကာက္လို့ထင္တယ္။ တစ္ဝင္းလုံး အျပင္ေရာ အတြင္းမွာေရာ ကားပါကင္မွာေရာ Melia Hotel ဘက္အျခမ္းမွာေရာ လက္နက္ကိုင္ေတြ အျပည့္ပဲ။ အရင္ ပလာဇာနားမွာ ရပ္ေနတဲ့ တကၠစီ ကားေတြ လည္းမရွိေတာ့ဘူး” ဟု ရန္ကုန္ကင္းေထာက္လူငယ္တစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ့ ရန္ကင္းၿမိဳ့နယ္က ျမန္မာပလာဇာ ေစ်းဝယ္စင္တာအတြင္း မေန႔က(နိုဝင္ဘာလ ၂၅ရက္)ျဖစ္ပြားခဲ့သည့္ စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵျပလူငယ္ေတြကို လုံျခဳံေရးဝန္ထမ္းက အၾကမ္းဖက္ထိုးႀကိတ္ဖမ္းဆီးသည့္ ျဖစ္ရပ္အေပၚ အေထြေထြသပိတ္ေပါင္းစပ္ညႇိႏွိုင္းေရးအင္အားစု (GSCB) ကကန႔္ကြက္ရွုတ္ခ်လိုက္ၿပီး ျပည္သူမ်ားအေနျဖင့္ ျမန္မာပလာဇာတြင္ ေစ်းမဝယ္ၾကရန္ GSCB က ေမတၱာရပ္ခံေတာင္းဆိုသည္။

အလားတူ မႏၲေလး သပိတ္အင္အားစုကလည္း ယေန႔နိုဝင္ဘာ(၂၅)ရက္ေန႔၂၀၂၁ခုႏွစ္တြင္ ရန္ကုန္ၿမိဳ့၊ရန္ကင္းၿမိဳ့နယ္ရွိ Myanmar Plaza ၏ Promotion Area တြင္ အၾကမ္းမဖက္ တပါးသူကို မထိခိုက္ေစေသာ Sost Strike Camp တစ္ခုကို LGBT ကြန္ယက္မွ တက္ႂကြ လွုပ္ရွားသူမ်ားက လုပ္ေဆာင္ေနခ်ိန္တြင္ Myanmar Plaza Shopping Center ၏ လုံျခဳံေရးဝန္ထမ္း အခ်ိဳ့က ထိုးႀကိတ္ဖမ္းဆီးခဲ့မွုကို ျပင္းထန္စြာ ကန႔္ကြက္ ရွုံ႔ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္သည္။

အလားတူ အမ်ိဳးသမီမဟာမိတ္အင္အားစု (WAB)ကလည္း ရန္ကုန္ၿမိဳ့ ၊ ျမန္မာပလာဇာမွာ ျဖစ္ပြားခဲ့သည့္ မတရားမွုကိုဆန႔္က်င္ဆႏၵျပလူငယ္မ်ားကို ပလာဇာလုံျခဳံေရးဝန္ထမ္းမ်ားက အၾကမ္းဖက္ထိုးႀကိတ္ဖမ္းဆီးမွုေၾကာင့္ ျမန္မာပလာဇာတြင္ ျပည္သူမ်ား ေစ်းမဝယ္ၾကဘဲ သပိတ္ေမွာက္ၾကရန္ ေတာင္းဆိုထားသည္။

အလားတူ OCTOPUS ( ေရဘဝဲ-ျပည္သူ႔အက်ိဳးျပဳလူငယ္အဖြဲ႕အစည္း)ကလည္း နိုဝင္ဘာလ (၂၅)ရက္ေန႔ ၊ ၂၀၂၁ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ့၊ရန္ကင္းၿမိဳ့နယ္ရွိ Myanmar Plaza ၏ Promotion ပရဝုဏ္အတြင္း အၾကမ္းမဖက္ေသာ ၿငိမ္းခ်မ္းစြာ ဆႏၵျပျခင္း ( Soft Stricke Campaign)

တစ္ခုကို LGBT ကြန္ယက္မွ တက္ႂကြ လွုပ္ရွားသူမ်ားသည္ လုပ္ေဆာင္ေနခ်ိန္တြင္ Myanmar Plaza Shopping Center ၏ လုံျခဳံေရးဝန္ထမ္း အခ်ိဳ့က ကိုယ္ထိလက္ေရာက္ ထိုးႀကိတ္ ဖမ္းဆီးျခင္းကို ျပဳလုပ္ခဲ့သည့္အေပၚ ေရဘဝဲ (ျပည္သူ႔အက်ိဳးျပဳ လူငယ္အဖြဲ႕အစည္း) က ျပင္းထန္စြာ ကန္႔ကြက္ရွုံ႔ခ်ေၾကာင္း​ ေၾကညာခ်က္ ထုတ္ျပန္သည္။

Khit Thit Media

Unicode

“တစ်ဝင်းလုံး စခတွေနဲ့ လုံခြုံရေးအပြည့်ချထားရတဲ့ မြန်မာပလာဇာရဲ့ လက်ရှိအခြေအနေ”

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို ရိုက်နှက် ထိုးကြိတ်ခဲ့သော မြန်မာပလာဇာမှ လုံခြုံရေးဝန်ထမ်းများ၏ လုပ်ရပ်ကို နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက် မြန်မာပလာဇာတစ်ဝင်းလုံးကို လုံခြုံရေး တင်းကျပ်ထားကာ လက်နက်ကိုင် စစ်သားများ အပြည့် ချထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

“လက်တုံ့ပြန်မယ်လို့ ကြေညာတဲ့ တော်လှန်ရေးအင်အားစုတွေလည်းရှိတော့ ဗုံးခွဲခံရမှာ ကြောက်လို့ထင်တယ်။ တစ်ဝင်းလုံး အပြင်ရော အတွင်းမှာရော ကားပါကင်မှာရော Melia Hotel ဘက်အခြမ်းမှာရော လက်နက်ကိုင်တွေ အပြည့်ပဲ။ အရင် ပလာဇာနားမှာ ရပ်နေတဲ့ တက္ကစီ ကားတွေ လည်းမရှိတော့ဘူး” ဟု ရန်ကုန်ကင်းထောက်လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြန်မာပလာဇာ ဈေးဝယ်စင်တာအတွင်း မနေ့က(နိုဝင်ဘာလ ၂၅ရက်)ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးသည့် ဖြစ်ရပ်အပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကကန့်ကွက်ရှုတ်ချလိုက်ပြီး ပြည်သူများအနေဖြင့် မြန်မာပလာဇာတွင် ဈေးမဝယ်ကြရန် GSCB က မေတ္တာရပ်ခံတောင်းဆိုသည်။

အလားတူ မန္တလေး သပိတ်အင်အားစုကလည်း ယနေ့နိုဝင်ဘာ(၂၅)ရက်နေ့၂၀၂၁ခုနှစ်တွင် ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ Myanmar Plaza ၏ Promotion Area တွင် အကြမ်းမဖက် တပါးသူကို မထိခိုက်စေသော Sost Strike Camp တစ်ခုကို LGBT ကွန်ယက်မှ တက်ကြွ လှုပ်ရှားသူများက လုပ်ဆောင်နေချိန်တွင် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန်ထမ်း အချို့က ထိုးကြိတ်ဖမ်းဆီးခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အလားတူ အမျိုးသမီမဟာမိတ်အင်အားစု (WAB)ကလည်း ရန်ကုန်မြို့ ၊ မြန်မာပလာဇာမှာ ဖြစ်ပွားခဲ့သည့် မတရားမှုကိုဆန့်ကျင်ဆန္ဒပြလူငယ်များကို ပလာဇာလုံခြုံရေးဝန်ထမ်းများက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးမှုကြောင့် မြန်မာပလာဇာတွင် ပြည်သူများ ဈေးမဝယ်ကြဘဲ သပိတ်မှောက်ကြရန် တောင်းဆိုထားသည်။

အလားတူ OCTOPUS ( ရေဘဝဲ-ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)ကလည်း နိုဝင်ဘာလ (၂၅)ရက်နေ့ ၊ ၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ Myanmar Plaza ၏ Promotion ပရဝုဏ်အတွင်း အကြမ်းမဖက်သော ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ( Soft Stricke Campaign)

တစ်ခုကို LGBT ကွန်ယက်မှ တက်ကြွ လှုပ်ရှားသူများသည် လုပ်ဆောင်နေချိန်တွင် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန်ထမ်း အချို့က ကိုယ်ထိလက်ရောက် ထိုးကြိတ် ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့သည့်အပေါ် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်သည်။

Khit Thit Media

Written by 

Leave a Reply

Your email address will not be published. Required fields are marked *