သင္​့ ခႏၶာကိုယ္​ထဲက အသားဆက္ အ႐ိုးဆက္ အေၾကာဆက္မ်ားေပ်ာက္ေစတဲ့ သဘာ၀ေဆးပင္

Posted on

Zawgyi

သင္​့ ခႏၶာကိုယ္​ထဲက အသားဆက္ အ႐ိုးဆက္ အေၾကာဆက္မ်ားေပ်ာက္ေစတဲ့ သဘာ၀ေဆးပင္

တစ္ခါသား ကြၽဲႀကီးတစ္ေကာင္ ေတာင္ေပၚက ျပဳတ္ၾကၿပီး အ႐ိုးေတြ အကုန္က်ိဳးေက်ေနတာကို အဲဒီအပင္ကအ႐ြက္ေတြနဲ႔ အုပ္ထားခဲ့တာ ေနာက္ေန႔ၾကေတာ့ အေကာင္းပကတိအတိုင္းသူ႔ဘာသာ အိမ္ျပန္လာသတဲ့။ လြန္သားပဲ။

အသား ေတြ ဟက္ပက္ရွနာခဲ့ရင္ေတာင္ အ႐ြက္ကိုေထာင္းၿပီး အုံထားရင္ ခဏေလးႏွင့္ အသားေတြ ျပန္ဆက္သြားသတဲ့။တစ္ခါသား ခုတ္ထစ္ထားတဲ့ ၾကက္သားေတြကို အဲဒီအ႐ြက္ႏွင့္ ထုတ္ပိုးေပးလိုက္တာ အိမ္ေရာက္ေတာ့ ၾကက္က အေကာင္လိုက္ႀကီး ျပန္ျဖစ္ေနသတဲ့။

လြန္သားပဲ။အေၾကာေတြဆို အလြန္သန္မာသတဲ့။ ကမာၻက ကုလို႔ မေပ်ာက္တဲ့ ပိုလီယိုေတာင္ အဲဒီအပင္ၾကား သြားထိုင္ေနရင္ ေပ်ာက္သတဲ့။တစ္ခါသား ေျခေထာက္မသန္တဲ့ ေကာငေလးတစ္ေယာက္ အဲဒီအပင္ေတြၾကားမွာ အေလးသြားတာ။

ထလာေတာ့ ေျခေထာက္ေတြက အေကာင္းအတိုင္း ျဖစ္ေနသတဲ့။ လြန္သားပဲ။ဘာပဲျဖစ္ျဖစ္ နားေထာင္လို႔ေတာ့ အေကာင္းသား။သို႔ႏွင့္ အင္တာနက္မွာ ရွာဖတ္တယ္။အထက္က ပုံျပင္ေတြက ဟုတ္လိႏိုးႏိုးရယ္။ အထူးသျဖင့္ အေၾကာအားတိုးေဆးအျဖစ္ သုံးသတဲ့။အျမစ္ကို ႏြားႏို႔ႏွင့္ စိမ္ေသာက္ရင္ ထန္းစ လွီးထားသလိုပဲဆိုလား ဘာျဖစ္တယ္ဆိုလား။

အသားဆက္ အ႐ိုးဆက္ အေၾကာဆက္ကေတာ့ တကယ္ေကာင္းပုံေပၚတယ္။ ရပ္ထဲ ႐ြာထဲမွာေတာ့ လူေျပာ သူေျပာ အေတာ္မ်ားတယ္။ထားပါ။ အေရးႀကဳံတဲ့အခါ သုံးလို႔ ရတာေပါ့။ ထို႔ထက္ ဘယ္လိုေၾကာင့္ပဲ သစ္ပင္ကိုခ်စ္ခ်စ္ ကိုယ့္အတြက္ အသုံးက်လို႔ ေဆးဝါးျဖစ္လို႔

ဘယ္လိုပဲ ခ်စ္ခ်စ္ သစ္ပင္ေလးေတြကို ခ်စ္တတ္ရင္ “ေဆးပင္တဲ့ဟဲ့”ဆိုၿပီး သစ္ပင္ေလး တစ္ပင္ေလာက္မ်ား စိုက္ျဖစ္ခဲ့ရင္ လက္ေညာင္းခံရက်ိဳး နပ္သပ။ဘုန္းႀကီးဦးနာဂသိန္ရဲ႕ ပုံျပေဆးအဘိဓာန္ထဲ ရွာၾကည့္တယ္။ ဗဟုသုတအျဖစ္ အဲဒီထဲက ကူးေပးလိုက္ပါတယ္။
CREDIT,,လက္တင္ Macrophylla

Unicode

သင့် ခန္ဓာကိုယ်ထဲက အသားဆက် အရိုးဆက် အကြောဆက်များပျောက်စေတဲ့ သဘာဝဆေးပင်

တစ်ခါသား ကျွဲကြီးတစ်ကောင် တောင်ပေါ်က ပြုတ်ကြပြီး အရိုးတွေ အကုန်ကျိုးကျေနေတာကို အဲဒီအပင်ကအရွက်တွေနဲ့ အုပ်ထားခဲ့တာ နောက်နေ့ကြတော့ အကောင်းပကတိအတိုင်းသူ့ဘာသာ အိမ်ပြန်လာသတဲ့။ လွန်သားပဲ။

အသား တွေ ဟက်ပက်ရှနာခဲ့ရင်တောင် အရွက်ကိုထောင်းပြီး အုံထားရင် ခဏလေးနှင့် အသားတွေ ပြန်ဆက်သွားသတဲ့။တစ်ခါသား ခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အဲဒီအရွက်နှင့် ထုတ်ပိုးပေးလိုက်တာ အိမ်ရောက်တော့ ကြက်က အကောင်လိုက်ကြီး ပြန်ဖြစ်နေသတဲ့။

လွန်သားပဲ။အကြောတွေဆို အလွန်သန်မာသတဲ့။ ကမ္ဘာက ကုလို့ မပျောက်တဲ့ ပိုလီယိုတောင် အဲဒီအပင်ကြား သွားထိုင်နေရင် ပျောက်သတဲ့။တစ်ခါသား ခြေထောက်မသန်တဲ့ ကောငလေးတစ်ယောက် အဲဒီအပင်တွေကြားမှာ အလေးသွားတာ။

ထလာတော့ ခြေထောက်တွေက အကောင်းအတိုင်း ဖြစ်နေသတဲ့။ လွန်သားပဲ။ဘာပဲဖြစ်ဖြစ် နားထောင်လို့တော့ အကောင်းသား။သို့နှင့် အင်တာနက်မှာ ရှာဖတ်တယ်။အထက်က ပုံပြင်တွေက ဟုတ်လိနိုးနိုးရယ်။ အထူးသဖြင့် အကြောအားတိုးဆေးအဖြစ် သုံးသတဲ့။အမြစ်ကို နွားနို့နှင့် စိမ်သောက်ရင် ထန်းစ လှီးထားသလိုပဲဆိုလား ဘာဖြစ်တယ်ဆိုလား။

အသားဆက် အရိုးဆက် အကြောဆက်ကတော့ တကယ်ကောင်းပုံပေါ်တယ်။ ရပ်ထဲ ရွာထဲမှာတော့ လူပြော သူပြော အတော်များတယ်။ထားပါ။ အရေးကြုံတဲ့အခါ သုံးလို့ ရတာပေါ့။ ထို့ထက် ဘယ်လိုကြောင့်ပဲ သစ်ပင်ကိုချစ်ချစ် ကိုယ့်အတွက် အသုံးကျလို့ ဆေးဝါးဖြစ်လို့

ဘယ်လိုပဲ ချစ်ချစ် သစ်ပင်လေးတွေကို ချစ်တတ်ရင် “ဆေးပင်တဲ့ဟဲ့”ဆိုပြီး သစ်ပင်လေး တစ်ပင်လောက်များ စိုက်ဖြစ်ခဲ့ရင် လက်ညောင်းခံရကျိုး နပ်သပ။ဘုန်းကြီးဦးနာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်ထဲ ရှာကြည့်တယ်။ ဗဟုသုတအဖြစ် အဲဒီထဲက ကူးပေးလိုက်ပါတယ်။
CREDIT,,လက်တင် Macrophylla